Thursday, June 29, 2017
စီးပွားရေးအတွက်ဖိုးဝရုပ်အစီအရင်
စီးပွားရေးလုပ်ငန်းတွေတိုးတက်စေဖို့ ဖိုးဝရုပ်အစီအရင်ပဲဖြစ်ပါတယ်။
လက်ပံသားကို မိမိရဲ့မွေးနေ့ မွေးနံတိုင်ထိပ်ရောက်ချိန်မှာ ဖိုးဝရုပ်တုကို အိတ်ဆောင်အရွယ် ပီပြင်စွာ မိမိကိုယ်တိုင်ဖြစ်စေ ပန်းပုဆရာဆီမှာဖြစ်စေ ထုလုပ်ပြီး ပြီးစီးပါက နံ့သာဖြူအမွှေးတိုင်ထွန်းကာ ဒိဝါတပတိဂါထာအား မိမိတတ်စွမ်းသ၍ (အနည်းဆုံး(၃၇)ခေါက်တော့ရွတ်ရမည်)ရွတ်ဆိုပူဇော်ကာ အဆောင်ပြုလုပ်ပါ။
ဖိုး ဝ - လာဘ် ပွင့်
ဖိုး ဝ - ရောင်း ပန်း
ဖိုး ဝ - ဝယ် ပန်း
ကက်ကင်းမိပါတယ်။
လာဘ်လာဘများပွင့်လန်းကာ ရောင်းပန်းဝယ်ပန်းများပွင့်လန်း၍စီးပွားရေးတိုးတက်လာစေနိုင်ပါသည်။ နေ့စဉ်ဆိုင်ဖွင့်တိုင်း ပုဗ္ဗဏှသုတ်တော်နှင့် ဒိဝါတပတိဂါထာအား ရွတ်ဆိုပူဇော်ပေးပါ။ဂုဏ်တော်ကွန်ခြာရသူများ ဂုဏ်တော်ကွန်ခြာရွတ်ပါ၊ ပို၍အကျိုးများပါသည်။
မင်းဒေဝါ(Tarot)
Saturday, June 10, 2017
အထင်အမြင်လွဲခံနေရရင်
မိမိရဲ့ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းများ၊ချစ်သူ ရည်းစား ဇနီးမယား လင်ယောက်ျား၊ အလုပ်ရှင် သူဌေး အထက်လူကြီး စသည်တို့က မိမိကို အထင်လွဲ အမြင်လွဲတာ ခံနေရမယ်ဆိုရင်
★ ကွမ်းစားတတ်တဲ့သူဆိုရင် ကွမ်းယာကို ဘဂဝါ ဂုဏ်တော်နဲ့ (၃၇)အုပ်စုတ်ပြီးစားသွားပါ။
★ ကွမ်းမစားတတ်တဲ့သူများအနေနဲ့ မိမိအသုံးပြုတဲ့ မိတ်ကပ် ပေါင်ဒါ ရေမွှေး သနပ်ခါး ခေါင်းလိမ်းဆီ hair coat gel စတာတွေကို မလိမ်းခင် မဆွတ်ခင်မှာ
ဘဂဝါ ဂုဏ်တော်နဲ့ (၃၇)အုပ်စုတ်ပြီးလိမ်း/ဆွတ်သွားလိုက်ပါ။.....။
မင်းဒေဝါ(Tarot)
Thursday, June 8, 2017
နေဝင်မီးလက် စီးပွားတက် လာဘ်ရွှင်အဓိဋ္ဌာန်ကျင့်စဉ်
ညနေနေဝင်ချိန်၌ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပန်း၊ရေချမ်း၊ဆီးမီးအလင်းတိုင်၊အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်၊မိမိနိုင်သော သီလယူပါ။
ထို့နောက် အောက်ပါ နမော(၅)ချက် ဂါထာတော်မြတ်ကို ပုတီးစိပ်ပါ။
နမော (ပုတီးတစ်လုံးချ) - တစ်ပတ်
နမော တဿ (ပုတီးတစ်လုံးချ) - တစ်ပတ်
Tuesday, June 6, 2017
မဂ္ဂင်ရှစ်ပါး အဋ္ဌလက်ဖွဲ့
ဤ ပဒုမ္မာမဂ္ဂင်ရှစ်ပါးအဋ္ဌလက်ဖွဲ့အား
နေ့ကောင်းရက်သာရွေး၍
ရွှေ၊ငွေ၊ကြေး၊စက္ကူ စသည်၌စီရင်ပြီး မြင့်မြတ်သောနေရာ၌ချိတ်ဆွဲပူဇော်ပါ။
ထူးခြားသောကောင်းကျိုးများ ရရှိစေပါသည်။ဂါထာအားလည်းအမြဲရွတ်ပါ။အကြံအစည်ကောင်းဟူသမျှနှင့်ရန်အပေါင်းကို ထူးထူးခြားခြားအောင်မြင်စေပါသည်။
Sunday, June 4, 2017
ဆင်မာန်စွယ် ရှင်သီဝလိဆင်းတုတော်အစီအရင်
👉ဆင်မာန်စွယ်အစီအရင်(၁)
ဆင်မာန်စွယ်ကို ရှင်သီဝလိကိုယ်တော်မြတ်ကြီး ပရိက္ခရာရှစ်ပါးနဲ့ဆွမ်းဘုန်းနေဟန်ထု။
`` ဥုံ သဗ္ဗ စိတ္တနာမ မနာဂေါစရယျ မင်္ဂလော ဟောမိ ဘဝိဿတိ ။
ဥုံ သီဝလိစ မဟာနာမံ ဣစ္ဆေဝန္တာ ဗြဟ္မာတိ ပူဇိတံ သဗ္ဗေဒေဝမနုေဿဟိ ပူဇံသွားဟ´´
အဲဒီမန္တန်နဲ့ (၁၀၀၀)အုပ်စုတ်ပြီး ရိုသေမြတ်နိုးစွာ ပူဇော်၊ဆောင်ယူပါ။
အရေးအကြောင်း အမှုအခင်း စသည် ရှိက အထက်ပါမန္တန်နဲ့ပဲ (၇)အုပ်နှိုးပြီးဆောင်ယူသွားပါ။
-သိဒ္ဓိအမျိုးမျိုးပြီးစေနိုင်တယ်၊အကျယ် မညွှန်းတော့ပါ။
မင်းဒေဝါ(Tarot)
ဆင်မာန်စွယ်ကို ရှင်သီဝလိကိုယ်တော်မြတ်ကြီး ပရိက္ခရာရှစ်ပါးနဲ့ဆွမ်းဘုန်းနေဟန်ထု။
`` ဥုံ သဗ္ဗ စိတ္တနာမ မနာဂေါစရယျ မင်္ဂလော ဟောမိ ဘဝိဿတိ ။
ဥုံ သီဝလိစ မဟာနာမံ ဣစ္ဆေဝန္တာ ဗြဟ္မာတိ ပူဇိတံ သဗ္ဗေဒေဝမနုေဿဟိ ပူဇံသွားဟ´´
အဲဒီမန္တန်နဲ့ (၁၀၀၀)အုပ်စုတ်ပြီး ရိုသေမြတ်နိုးစွာ ပူဇော်၊ဆောင်ယူပါ။
အရေးအကြောင်း အမှုအခင်း စသည် ရှိက အထက်ပါမန္တန်နဲ့ပဲ (၇)အုပ်နှိုးပြီးဆောင်ယူသွားပါ။
-သိဒ္ဓိအမျိုးမျိုးပြီးစေနိုင်တယ်၊အကျယ် မညွှန်းတော့ပါ။
မင်းဒေဝါ(Tarot)
Saturday, June 3, 2017
မြွေတားဆေး
ဒီနည်းက တစ်နှစ်မှ တစ်ခါသာ လုပ်လို့ရတယ်၊မြွေကိုက်မခံရဘူး၊မြွေနဲ့ကိုမတွေ့ရဘူး။
``ကဆုန်လဆန်း(၅)ရက်နေ့မှာ အရှေ့ဘက်ကိုထွက်တဲ့ ကုက္ကိုမြစ်ကို မိမိညာလက်ခလယ်အရှည်နဲ့တိုင်းယူဖြတ်တောက် ရေဆေး ငါးပါးသီလယူပြီး ကုန်အောင်စားရမယ်၊အဲဒီလူဟာ မြွေသားမစားတဲ့သူဖြစ်ရမယ်´´
ဒီနည်းပေးတဲ့ဆရာကိုယ်တိုင် စားလာတာ ၃နှစ်ရှိပါပြီ။အလွန်ထိရောက် လွယ်ကူတဲ့နည်းဖြစ်လို့ မြွေအန္တရာယ်ကင်းဝေးပါစေခြင်း အလို့ငှါ တင်ပြလိုက်ပါတယ်။
မင်းဒေဝါ(Tarot)
Thursday, June 1, 2017
ဆင်မာန်စွယ်အကြောင်း သိကောင်းစရာများ
ဆင်စွယ်အကျိုးတိုင်းတော့မစွမ်းပါဘူး....
ဆင်စွယ်အကျိုးမှာ သုံးမျိုးရှိတယ်...
မာန်ကျိုး
ရန်ကျိုး
ဒဏ်ကျိုး ဆိုပြီး သုံးမျိုးရှိတယ်....
👉မာန်ကျိုးဆိုတာက
Subscribe to:
Posts (Atom)