Friday, May 26, 2017

ရာထူးတိုးကိစ္စများအတွက်



  ရာထူးတိုးဖို့၊အလုပ်​အကိုင်​အ​ရွေးချယ်​ခံရဖို့ စတာ​တွေအတွက်​ လက်​​တွေ့​အောင်​မြင်​ပြီး လွယ်​ကူထိ​ရောက်​တဲ့ ​လောကီနည်းတစ်​ခုကို ​ဖော်​​ပြ​ပေးလိုက်​ပါတယ်​။.......။

 ဒီနည်းမှာ
၁။အညွန့်​ပန်း နှင့်​ တံခွန်​ လှူခြင်း
၂။အဓိဋ္ဌာန်​ဝင်​ခြင်း ဆိုပြီး နှစ်​မျိုးလုပ်​ရမယ်​။

 အဆင့်​ ၁-အညွန့်​ပန်း နှင့်​ တံခွန်
 ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
လှူခြင်း
➳ ➳ ➳

မိမိ​မွေးနံ​ကျော်​၍ တစ်​ခု​မြောက်​အညွန့်​​ပန်းအား ဂြိုဟ်​သက်​အလိုက်​လှူရပါမယ်​။.......။

တနင်္ဂ​နွေသားသမီးများ
ကံ့​ကော်​ ၁၅ညွန့်​ နှင့်​ လိ​မ္မော်​​ရောင်​တံခွန်​တစ်ခု

တနင်္လာသားသမီးများ ဇီး၊ဇွန်​ ၈ညွန့်​ နှင့်​ အဖြူ​ရောင်​တံခွန်​တစ်​ခု

အင်္ဂါသားသမီးများ ဝါး၊ရွက်​လှ ၁၇ညွန့်​ နှင့်​ အစိမ်း​ရောင်​တံခွန်​တစ်​ခု

ဗုဒ္ဓဟူးသားသမီးများ ​ပေါက်​၊ပျဉ်းမ၊​မေမြို့ပန်း ၁၉ညွန့်​နှင့်​ အဝါ​ရောင်​တံခွန်​တစ်​ခု

ကြာသပ​တေးသားသမီးများ သီး၊သီဟိုဠ်​၊သင်​၊သ​ပြေ ၂၁ညွန့်​ နှင့်​ ပန်း​ရောင်​တံခွန်​တစ်​ခု

သောကြာသားသမီးများ ထိန်​၊ထန်း၊​ဒေါန ၁၀ညွန့်​ နှင့်​ အညို​ရောင်​တံခွန်​တစ်​ခု

စ​နေသားသမီးများ အုန်း၊အင်​ ၆ညွန့်​ နှင့်​ အနီ​ရောင်​တံခွန်​တစ်​ခု

 စတာ​တွေကို မိမိ​နေ့နံအလိုက်​ အညွန့်​ပန်းများ၊တံခွန်​များကို​ရောပြီး လှူဒါန်း​ပေးရမယ်​။ အခြား ပန်း​ ​ရေချမ်း ဆွမ်း ဆီမီး အလင်းတိုင်​ နံ့သာတိုင်​ များက​တော့ မိမိ​စေတနာအ​လျောက်​ကပ်​လှူပူ​ဇော်​နို​င်​ပါတယ်​။

အဆင့်​-၂ အဓိဋ္ဌာန်​ဝင်​ခြင်း
➳ ➳ ➳ ➳ ➳ ➳ ➳ ➳

 ခက်​ခက်​ခဲခဲကြီးမဟုတ်​ပါဘူး။

★ ပဋ္ဌာန်း​ဒေသနာ​တော်​ထဲက
```အဓိပတိပစ္စ​ယော´´အကျယ်

(အဓိပတိပစ္စ​ယောတိ။
ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ................................................
တေသံ ​တေသံ ဓမ္မာနံ အဓိပတိပစ္စ​ယေနပစ္စ​ယော) ကို အစ အဆုံး တစ်​​ခေါက်

★ အဓိပတိပစ္စ​ယော (ပုတီးတစ်​လုံးချ) ၁၀၈လုံးပုတီး သုံးပတ်

★​လောကဝိဒူ (ပုတီးတစ်​လုံးချ) ၁၀၈လုံးပုတီး ကိုးပတ်

 ရွတ်​ဆိုပွားများ ပုတီးစိပ်​ရုံပါပဲ.....

အထက်​လူကြီး ဆိုင်​ရာပုဂ္ဂိုလ်​ ​တွေကိုလည်း ​မေတ္တာပို့သ​ပေးပါ.......

အဓိဋ္ဌာန်​ရက်​ကို မိမိအလုပ်​ကိစ္စအ​ပေါ်မူတည်​ပြီး ၉ရက်​ ၁၈ရက်​ ၂၇ရက်​ စသည်ဖြင့်​ သတ်​မှတ်​ပါ။........။

(​လောကမာရ်​​အောင်​၊​လောကချမ်းသာ၊​လောကထိပ်​ဦး[ညောင်​ဦးအသွားလမ်း၌ရှိ၏] ဤသို့ ​`လောက´ဘွဲ့​တော်​ရှိသည့်​ ​ဘုရားစေတီပုထိုးများ၍အဓိဋ္ဌာန်​ဝင်​က ပို၍အကျိုးများ​စေပါသည်​။

မိမိအိမ်​၌လုပ်​လုပ်​၊ဘုရား​စေတီများ၌​လုပ်​လုပ်​ အဓိက က မိမိ၏စိတ်​ပါ......... သို့​သော်​ ဘုရား​ကျောင်းကန်​များ၌အဓိဋ္ဌာန်​ဝင်​ခြင်းက ဟိတ်​ဓာတ်​လည်းရ၊ဆိတ်​ငြိမ်​မှုလည်းရှိ၊ကြည်​ညိုမှုအားလည်းပို​ကောင်းလာ​စေပါတယ်​....... )
 
             အများအကျိုးအလို့ငှာ
               မင်း​ဒေဝါ(Tarot)

No comments:

Post a Comment