Friday, May 26, 2017
ရာထူးတိုးကိစ္စများအတွက်
ရာထူးတိုးဖို့၊အလုပ်အကိုင်အရွေးချယ်ခံရဖို့ စတာတွေအတွက် လက်တွေ့အောင်မြင်ပြီး လွယ်ကူထိရောက်တဲ့ လောကီနည်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။.......။
ဒီနည်းမှာ
၁။အညွန့်ပန်း နှင့် တံခွန် လှူခြင်း
၂။အဓိဋ္ဌာန်ဝင်ခြင်း ဆိုပြီး နှစ်မျိုးလုပ်ရမယ်။
အဆင့် ၁-အညွန့်ပန်း နှင့် တံခွန်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
လှူခြင်း
➳ ➳ ➳
မိမိမွေးနံကျော်၍ တစ်ခုမြောက်အညွန့်ပန်းအား ဂြိုဟ်သက်အလိုက်လှူရပါမယ်။.......။
တနင်္ဂနွေသားသမီးများ
ကံ့ကော် ၁၅ညွန့် နှင့် လိမ္မော်ရောင်တံခွန်တစ်ခု
တနင်္လာသားသမီးများ ဇီး၊ဇွန် ၈ညွန့် နှင့် အဖြူရောင်တံခွန်တစ်ခု
အင်္ဂါသားသမီးများ ဝါး၊ရွက်လှ ၁၇ညွန့် နှင့် အစိမ်းရောင်တံခွန်တစ်ခု
ဗုဒ္ဓဟူးသားသမီးများ ပေါက်၊ပျဉ်းမ၊မေမြို့ပန်း ၁၉ညွန့်နှင့် အဝါရောင်တံခွန်တစ်ခု
ကြာသပတေးသားသမီးများ သီး၊သီဟိုဠ်၊သင်၊သပြေ ၂၁ညွန့် နှင့် ပန်းရောင်တံခွန်တစ်ခု
သောကြာသားသမီးများ ထိန်၊ထန်း၊ဒေါန ၁၀ညွန့် နှင့် အညိုရောင်တံခွန်တစ်ခု
စနေသားသမီးများ အုန်း၊အင် ၆ညွန့် နှင့် အနီရောင်တံခွန်တစ်ခု
စတာတွေကို မိမိနေ့နံအလိုက် အညွန့်ပန်းများ၊တံခွန်များကိုရောပြီး လှူဒါန်းပေးရမယ်။ အခြား ပန်း ရေချမ်း ဆွမ်း ဆီမီး အလင်းတိုင် နံ့သာတိုင် များကတော့ မိမိစေတနာအလျောက်ကပ်လှူပူဇော်နိုင်ပါတယ်။
အဆင့်-၂ အဓိဋ္ဌာန်ဝင်ခြင်း
➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။
★ ပဋ္ဌာန်းဒေသနာတော်ထဲက
```အဓိပတိပစ္စယော´´အကျယ်
(အဓိပတိပစ္စယောတိ။
ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ................................................
တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေနပစ္စယော) ကို အစ အဆုံး တစ်ခေါက်
★ အဓိပတိပစ္စယော (ပုတီးတစ်လုံးချ) ၁၀၈လုံးပုတီး သုံးပတ်
★လောကဝိဒူ (ပုတီးတစ်လုံးချ) ၁၀၈လုံးပုတီး ကိုးပတ်
ရွတ်ဆိုပွားများ ပုတီးစိပ်ရုံပါပဲ.....
အထက်လူကြီး ဆိုင်ရာပုဂ္ဂိုလ် တွေကိုလည်း မေတ္တာပို့သပေးပါ.......
အဓိဋ္ဌာန်ရက်ကို မိမိအလုပ်ကိစ္စအပေါ်မူတည်ပြီး ၉ရက် ၁၈ရက် ၂၇ရက် စသည်ဖြင့် သတ်မှတ်ပါ။........။
(လောကမာရ်အောင်၊လောကချမ်းသာ၊လောကထိပ်ဦး[ညောင်ဦးအသွားလမ်း၌ရှိ၏] ဤသို့ `လောက´ဘွဲ့တော်ရှိသည့် ဘုရားစေတီပုထိုးများ၍အဓိဋ္ဌာန်ဝင်က ပို၍အကျိုးများစေပါသည်။
မိမိအိမ်၌လုပ်လုပ်၊ဘုရားစေတီများ၌လုပ်လုပ် အဓိက က မိမိ၏စိတ်ပါ......... သို့သော် ဘုရားကျောင်းကန်များ၌အဓိဋ္ဌာန်ဝင်ခြင်းက ဟိတ်ဓာတ်လည်းရ၊ဆိတ်ငြိမ်မှုလည်းရှိ၊ကြည်ညိုမှုအားလည်းပိုကောင်းလာစေပါတယ်....... )
အများအကျိုးအလို့ငှာ
မင်းဒေဝါ(Tarot)
Labels:
ယတြာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment