Tuesday, May 30, 2017

သိဒ္ဓိဝင်​``ချိုးအမြု​တေ´´အ​ကြောင်းသိ​ကောင်းစရာများ



`` ချိုးအမြု​တေ´´ဆိုသည်​မှာချိုးငှက်​၏ဥပင်​ဖြစ်​၏။သို့ရာတွင်​အခြားဥများနှင့်​မတူ၊သာမန်​ဥများသည်​ဥ​ပြောက်​များဖြစ်​ပြီးအ​မြု​တေဥသည်​အဖြူြေ​ဗာင်​ဖြစ်​၏။
အမြု​တေထွန်းနိုင်​​သောချိုးငှက်​သည်​အခြားချိုးငှက်​များနှင့်​မတူ​သောသဘာဝရှိပြီးအသိုက်​ပြုလုပ်​ရာတွင်​လည်းအခြားချိုးငှက်​များကဲ့သို့အပင်​များ၊အကိုင်းများအထက်​ဝယ်​အသိုက်​ပြုလုပ်​​လေ့မရှိဘဲသစ်​​ခေါင်းများ၊ခြုံပုတ်​များအတွင်း၌သာအသိုက်​ပြုလုပ်
နေထိုင်​ကြ​လေသည်​။

ချိုးအမြု​တေသည်​အထူးသဖြင့်​ကာယသိဒ္ဓိပြီးစီး​စေသည်​။မီးကွင်း​လေသည်​။ချိုးအမြု​တေသည်​ခွဲ၍မရ၊အလွန်​မာ​ကျော၏။
အမြု​တေဥထွန်းထား​သောခြုံပုတ်​ထဲရှိချိုးငှက်​၏အသိုက်​သည်​​တောမီး​လောင်​​သောဝ်​လည်းယင်းအမြု​တေရှိ​သောချိုးငှက်​၏အသိုက်​ခြုံပုတ်​အနီးဆယ်​​ပေခန့်​အထိမီးများမ​ရောက်​နိုင်​ဘဲမီးကွင်း​နေသည်​ကို​တွေ့ရှိခဲ့ကြ​သောကိုယ်​​တွေ့ဖြစ်​ရပ်​များလည်းရှိခဲ့​ပေသည်​။
  ထို့​ကြောင့်​ချိုးအ​မြု​တေသည်​ မီးဖြင့်​ပြုလုပ်​ထား​သောဓား၊လှံ၊​သေနတ်​ကျည်​......စ​သည့်​ပစ္စည်းများ၏အစွမ်းသတ္တိအားပယ်​ဖျက်​​စေနိုင်​​သောအစွမ်းရှိသည့်​အတွက်​ချိုးအမြုတေဆောင်သူသည်ကာယသိဒ္ဓိပြီးစီး​သည်​ဟုဆိုနိုင်​​ပေသည်​။

*** ချိုးအမြု​တေစစ်​၊မစစ်​စမ်းသတ်​နည်း***


အချို့နည်းများသည်​ချိုးအမြု​တေအားလက်​သ္မားသုံးကိုက်​တံဖြင့်​ညှပ်​​၍ဆယ်​​ပေါင်​တူဖြင့်​ထုခြင်း..စ​သောနည်းမျိုးစုံဖြင့်​စမ်းသပ်​ကြသည်​။အောက်​ပါနည်းမှာအလွန်​လွယ်​ကူ၏။
ကြွေပန်းကန်​လုံးတစ်​လုံးအတွင်း​ရေအနည်းငယ်​ထည့်​၍ချိုးအမြု​တေဥ၏အပြင်​နံရံနှင့်​​ကြွေပန်းကန်​၏အတွင်းနံရံတို့ပွတ်​တိုက်​​ပေးပါက နို့နှစ်​ကဲ့သို့အဖြူရည်​များ​ကြွေပန်းကန်​၏​အောက်​​ခြေသို့စီးကျလာမည်​၊ထိုသို့စီးကြလျှင်​အမြု​တေဥစစ်​၏။
  အဆိုပါအဖြူနှစ်​အရည်​များကို​ရေနှင့်​​ဖျော်​၍မျက်​စိနာခြင်း၊မျက်​စိ​အောင့်​ခြင်း၊မျက်​စိမှုန်​ခြင်း၊မျက်​​ကြောကိုက်ခြင်း၊မျက်​စိတိမ်​ကွယ်​ခြင်းများကို​နေ့စဉ်​နှစ်​ကြိမ်​မျှမျက်​စဉ်းခပ်​​ပေးခြင်းဖြင့်​လျှင်​မြန်​စွာ​ပျောက်​ကင်း​စေနိုင်​သည်​။
   ချိုးအမြု​တေသည်​ကျည်​မထွက်​၊ကာယပြီး၊လာဘ်​ရွှင်​စီးပွားတက်​​စေ​သော​ကြောင့်​သိဒ္ဓိဝင်​အ​ဆောင်​တစ်​မျိုးဖြစ်​​ကြောင်း​ဖော်​ပြ​ပေးလိုက်​ရပါသည်​။
                                             မင်း​ဒေဝါ(Tarot)

1 comment:

  1. ကျ​နော့်​မှာတစ်​လုံးရှိတယ်​ ဒါ​ပေမဲ့ အဖြူ​ရောင်​ဗျ ဘာလဲသိချင်​ပါတယ်​ အဖြူလုံး​ချော ကျ​နော ​ကြွေနဲ့ပွတ်​တာ ဘာအမှုတ်​မှမထွက်​လာဘူး ​ကြွေ​ပေါ်မှာ​တော့ဖြစ်​ရာ​တွေကျန်​ခဲ့ပီး သူ့မှာကဘာအရာမှမ​တွေရဘူး

    ReplyDelete