Tuesday, August 15, 2017
စက်​ပစ္စည်းများအလွယ်​တကူပျက်​​တတ်​​သော်
ကျွန်​​တော်​တို့တစ်​ခါခါစက်​ပစ္စည်း​တွေဝယ်​လို့ရှိရင်​ အဲ့ဒီစက်​ပစ္စည်းကိုသိပ်​ကြာကြာမသုံးလိုက်​ရဘဲနဲ့အလွယ်​တကူ
ပျက်​တတ်​တာမျိုးတို့ရှိပါတယ်​​၊ကျ​နော့်​သူငယ်​ချင်းတစ်​​ယောက်​ဆိုမိတ္တူ ကူးစက်
လေးတစ်​လုံးဝယ်​ထားတာသိပ်​မကြာ​သေးဘူး၊ခဏခဏစက်​ကပျက်​သွားတာနဲ့၊ပုံသိပ်​မထွက်​တာနဲ့ စက်​ကသိပ်​မ​ကောင်းလှဘူး​ပေါ့ဗျာ​၊​ဒါနဲ့ကျ​နော့်​ဆီလာပီးအကူအညီ​တောင်းတာနဲ့ ကျ​နော်​လည်းအ​ပေါ်ကOsirisဆိုတဲ့နတ်​မင်းပုံ​လေးကို​ပေးလိုက်​ပီး အဲ့ဒီနတ်​မင်းပုံကိုမင်းရဲ့ မိတ္တူ စက်​မှာကပ်​သာထားလိုက်​ လို့အကြံ​ရောပုံ​ရော​ပေးလိုက်​ပါတယ်​​၊ဒီ့​နောက်​​တော့်​သူ့ဆီကဘာစက်​ပျက်​သံမှမကြားရ​တော့ပါဘူး။
ကျ​နော်​ဆိုလိုချင်​တာကမိတ်​​ဆွေတို့ရဲ့မည်​သည့်​စက်​မဆိုအလွယ်​တကူပျက်​တတ်​ရင်​ပဲဖြစ်​ဖြစ်​၊ပျက်​မှာစိုးလို့ပဲဖြစ်​ဖြစ်​ အဲ့ဒီစက်​မှာအထက်​ကပြထားတဲ့Osirisနတ်​မင်းပုံ​လေးကိုကပ်​ထားကြပါလို့ဆို။
                 :-) အဆင်​​ပြေကြပါ​စေ၊စက်​ပျက်​ခြင်းမှကင်း​ဝေးကြပါ​စေ။♥★♬
၂၀၁၅တုန်းက ​လောကီပညာပြန့်​ပွား​ရေး blogမှာ​ရေးခဲ့တဲ့postအ​ဟောင်း​လေးပါ
                       မင်း​ဒေဝါ(Tarot)
Thursday, August 3, 2017
``လေ့လာဖူးသော ဂဏန်းဗေဒင်များအကြောင်း"
၁။ပိုအောင်မြင်တဲ့သူ!
(2,11,20,29)
(5,14,23)
(7,16,25)
(8,17,26)
(9,18,27)
ရက်နေ့မွေးဖွားတဲ့သူတွေ
လောကီပညာရပ်များကို
လေ့လာလိုက်စားရင်ကျန်တဲ့နေ့မွေးတဲ့သူတွေထက်ပိုပြီးတော့ အောင်မြင်ပါတယ်။
၂။တစ်သက်တာ ကံကောင်းစေသော
    အရောင်များ  
(1,10,19,28)ရက်နေ့မွေးဖွားသောသူများသည်အဝါရောင် ကိုဝတ်ဆင်ပါ။
(2,11,20,29)ရက်နေ့ မွေးဖွားသောသူများသည် အဖြူရောင်ကို ဝတ်ဆင်ပါ။
(3,12,21,30)ရက်နေ့ မွေးဖွားသောသူများသည် ခရမ်းရောင် ကိုဝတ်ဆင်ပါ။
(4,13,22,31)ရက်နေ့မွေးဖွားသောသူများသည် မီးခိုးရောင်ကို ဝတ်ဆင်ပါ။
(5,14,23) ရက်နေ့မွေးဖွားသောသူများသည်
အဖြူရောင်ကို ဝတ်ဆင်ပါ။
(6,15,24) ရက်နေ့မွေးဖွားသောသူများသည်
အပြာရောင် ကိုဝတ်ဆင်ပါ။
(7,16,25) ရက်နေ့မွေးဖွားသောသူများသည်
အဝါရောင်ကို ဝတ်ဆင်ပါ။
(8,17,26) ရက်နေ့မွေးဖွားသောသူများသည်
အနက်ရောင်ကို ဝတ်ဆင်ပါ။
(9,18,27) ရက်နေ့မွေးဖွားသောသူများသည်
အနီရောင်ကို ဝတ်ဆင်ပါ။
၃။ကိုသစ်နက်ရဲ့ ဂဏန်းဗေဒင်အတို
                 ကျွန်တော်ဘာသာ အတိုချုံးပြီး
ရေးသားထားပါ။ ယေဘုယျ အဟောတွေ
ပါ။
 (1,10,19,28)ရက်နေ့မွေးဖွားသောသူများသည်
ရည်မှန်းချက်ကြီးမားသော သူများဖြစ်သည်။
(2,11,20,29)ရက်နေ့ မွေးဖွားသောသူများသည်
စိတ်ကူးယဉ်သမားများ သာဖြစ်ကြသည်။
(3,12,21,30)ရက်နေ့ မွေးဖွားသောသူများသည်
စည်းကမ်းကို လိုက်နာသောသူများ ဖြစ်ကြသည်။
(4,13,22,31)ရက်နေ့မွေးဖွားသောသူများသည် ခွတီးခွကျသမား ဖြစ်ကြသည်။
(5,14,23) ရက်နေ့မွေးဖွားသောသူများသည်
ငွေကြေးပေါများသော သူများဖြစ်ကြသည်။
(6,15,24) ရက်နေ့မွေးဖွားသောသူများသည်
အပေါင်းအသင်းကို အရမ်းခင်သော သူများ ဖြစ်ကြသည်။
(7,16,25) ရက်နေ့မွေးဖွားသောသူများသည်
တီထွင်ဖန်တီးသော  သူများ ဖြစ်ကြသည်။
(8,17,26) ရက်နေ့မွေးဖွားသောသူများသည်
ဘဝတွင် "သေလျှင်မြေကြီးမသေလျှင်ရွှေထီးသမား" များဖြစ်ကြသည်။
သင်သည်(9,18,27) ရက်နေ့မွေးဖွားသောသူများသည်
ကိုယ့်ထူးကိုယ်ချွန်သော သူများသာ  ဖြစ်ကြသည်။
၉ ဆိုတဲ့ ကိုသစ်နက်
တင်သမျှစာတိုင်း ဖတ်လိုပါက အောက် "link"ကိုနှိပ်
ပြီးတော့ "Follow"လုပ်နိုင်ပါသည်။
https://www.facebook.com/kothitnet9999
Monday, July 3, 2017
လုပ်​ငန်းအရှုံးပေါ်​နေသူများအတွက်
    မိမိကစီးပွား​ရေးလုပ်​ငန်းမှာ ဝီရိယစိုက်​ထုတ်​၊ဉာဏ်​စွမ်းရှိသမျှစိုက်​ထုတ်​ပြီးကြိုးစား​နေ​ပေမယ့်​ ကိုယ်​လုပ်​​နေတဲ့လုပ်​ငန်းဟာ အရှုံး​ပေါ်တာမျိုး၊နစ်​မြုပ်​​နေတာမျိုးဆိုရင်​ ဒီယတြာကိုယုံကြည်​​လေးစားစွာပြုလုပ်​ပါ။
  မိမိရဲ့ နိမ့်​​နေတဲ့၊မြုပ်​​နေတဲ့ ကံဇာတာစန်းလဂ်​​တွေ မြင့်​တက်​ပြီးစီးပွား​ရေးလုပ်​ငန်းများ ပြန်​လည်​ဦး​မော့​ကောင်းမွန်​တိုးတက်​လာ​စေမှာပဲ ဖြစ်​ပါတယ်​။
  မိမိရဲ့​ရောက်​ဆဲအသက်​ကိုတည်​ပြီး(၄)နဲ့​မြှောက်​ပါ။ ရလာတဲ့ ရလဒ်ဂဏန်းအတိုင်း မုန့်​လုံး​ရေ​ပေါ်လုပ်​ပြီး (၁၀)လုံးကို နံနက်​(၁၀း၀၀)တိတိ၌ အိမ်​ရှိဘုရားမှာကပ်​လှူပူ​ဇော်​ပြီးဆု​တောင်းပါ။ပိုတဲ့မုန့်​လုံး​ရေ​ပေါ်​တွေကို အိမ်​နီးနားချင်း​တွေကို​ဝေငှ​ပေးပါ။
ဤယတြာကို ​အောက်​ပါနည်းအတိုင်းတွက်​ပြီးရက်​​ရွေးပါ။
မိမိအသက်​ကိုတည်​၍(၇)ဖြင့်​စားပါ။
(၁)ကြွင်းရင်​ တနင်္ဂ​နွေ​နေ့
(၂)ကြွင်းရင်​ တနင်္လာ​နေ့
(၃)ကြွင်းရင်​ အင်္ဂါ​နေ့
(၄)ကြွင်းရင်​ ​ဗုဒ္ဓဟူး​နေ့
(၅)ကြွင်းရင်​ ​ကြာသပ​တေး​နေ့
(၆)ကြွင်းရင်​ ​သောကြာ​နေ့
(၀)ကြွင်းရင်​ စ​နေ​နေ့
ဥပမာ အသက်​ (၄၀)ရှိတဲ့သူဆိုရင်
ကြာသပ​တေး​နေ့ နံနက်​(၁၀းဝဝ)တိတိမှာ
မုန့်​လုံး​ရေ​ပေါ်အလုံး(၁၆၀)ပြုလုပ်​ပြီး (၁၀)လုံးကို မြတ်​စွာဘုရားရှင်​အား ကပ်​လှူပူ​ဇော်​ဆု​တောင်း၍ ပို​သောမုန့်​လုံး​ရေ​ပေါ်များကို အိမ်​နီးချင်းများအား ​ဝေငှ​ပေးရမည်​ ​ဖြစ်​ပါသည်​။
               မင်း​ဒေဝါ(Tarot)
ကိုးကား။.....။အဘဆရာမင်းသိင်္ခ၏သင်​တန်းမှတ်​စုများ
Saturday, July 1, 2017
ဝန်​ထမ်းများအတွက်​ အ​ပြောင်းအ​ရွှေ့ယတြာ
  ဒီယတြာကို ယုံယုံကြည်​ကြည်​နဲ့လုပ်​ပါ။အင်း​တော်​မှဆရာတစ်​ဦးဆိုရင်​ တစ်​လအတွင်း​ပြောင်းသွားရပါတယ်​။
တနင်္ဂ​နွေသားသမီးများ-ဒန်းညွန့်​ကို အ​ရှေ့​မြောက်​အရပ်​ကဘုရား သို့မဟုတ်​ တနင်္ဂ​နွေ​ထောင့်​မှာကပ်​လှူပူ​​ဇော်​ပါ။
တနင်္လာသားသမီးများ သ​ပြေပန်းကို အ​ရှေ့အရပ်​ကဘုရား သို့မဟုတ်​ တနင်္လာ​ထောင့်​မှာကပ်​လှူပါ။
အင်္ဂါသားသမီးများ ​ရှောက်​ညွန့်​ကို ​အ​ရှေ့​တောင်​အရပ်​ကဘုရား ဒါမှမဟုတ်​ အင်္ဂါ​ထောင့်​မှာကပ်​လှူပူ​ဇော်​ပါ။
ဗုဒ္ဓဟူးသားသမီးများ သီးညွန့်​ကို ​တောင်​အရပ်​ကဘုရား သို့မဟုတ်​ ​ဗုဒ္ဓဟူး​ထောင့်​မှာကပ်​လှူပူ​ဇော်​ပါ။
ရာဟုသားသမီးများ ဇီးညွန့်​ကို အ​နောက်​​မြောက်​​ထောင့်​အရပ်​ကဘုရား သို့မဟုတ်​ ရာဟု​ထောင့်​မှာကပ်​လှူပူ​ဇော်​ပါ။
ကြာသပ​တေးသားသမီးများ ကံ့​ကော်​ပန်းကို အ​နောက်​အရပ်​ကဘုရား သို့မဟုတ်​ ကြာသပ​တေး​ထောင့်​မှာကပ်​လှူပူ​ဇော်​ပါ။
သောကြာသားသမီးများ ဝါးညွန့်​ကို ​မြောက်​အရပ်​ကဘုရား သို့မဟုတ်​ ​သောကြာ​ထောင့်​မှာကပ်​လှူပူ​ဇော်​ပါ။
စ​နေသားသမီးများ အုန်းညွန့်​ကို အ​နောက်​​တောင်​​ထောင့်​အရပ်​ကဘုရား သို့မဟုတ်​ စ​နေ​ထောင့်​မှာကပ်​လှူပူ​ဇော်​ပါ။
  အဲဒီလို မိမိတို့​နေ့နံအလိုက်​ အရပ်​မျက်​နှာအလိုက်​ကပ်​လှူပူ​ဇော်​ပြီးရင်​ ​နေ့စဉ်​ ဇလွန်​ပြည်​​တော်​ပြန်​ဂါထာကို (၃၇​)ခေါက်​ရွတ်​ဆိုပူ​ဇော်​ပါ။
                  မင်း​ဒေဝါ(Tarot)
Thursday, June 29, 2017
စီးပွား​ရေးအတွက်​ဖိုးဝရုပ်​အစီအရင်
  စီးပွား​ရေးလုပ်​ငန်း​တွေတိုးတက်​​စေဖို့ ဖိုးဝရုပ်​အစီအရင်​ပဲဖြစ်​ပါတယ်​။
  လက်​ပံသားကို မိမိရဲ့​မွေး​နေ့ ​မွေးနံတိုင်​ထိပ်​​ရောက်​ချိန်​မှာ ဖိုးဝရုပ်​တုကို အိတ်​​ဆောင်​အရွယ်​ ပီပြင်​စွာ မိမိကိုယ်​တိုင်​ဖြစ်​​စေ ပန်းပုဆရာဆီမှာဖြစ်​​စေ ထုလုပ်​ပြီး ပြီးစီးပါက နံ့သာဖြူအ​မွှေးတိုင်​ထွန်းကာ ဒိဝါတပတိဂါထာအား မိမိတတ်​စွမ်းသ၍ (အနည်းဆုံး(၃၇)​ခေါက်​​တော့ရွတ်​ရမည်​)ရွတ်​ဆိုပူ​ဇော်​ကာ ​အ​ဆောင်​ပြုလုပ်​ပါ။
ဖိုး ဝ - လာဘ်​ ပွင့်
ဖိုး ဝ - ​ရောင်း ​ပန်း
ဖိုး ဝ - ဝယ်​ ပန်း
ကက်​ကင်းမိပါတယ်​။
လာဘ်​လာဘများပွင့်​လန်းကာ ​ရောင်းပန်းဝယ်​ပန်းများပွင့်​လန်း၍စီးပွား​ရေးတိုးတက်​လာ​စေနိုင်​ပါသည်​။ ​နေ့စဉ်​ဆိုင်​ဖွင့်​တိုင်း ပု​ဗ္ဗဏှသုတ်​​တော်​​နှင့်​ ဒိဝါတပတိဂါထာအား ရွတ်​ဆိုပူ​ဇော်​​ပေးပါ။ဂုဏ်​​တော်​ကွန်​ခြာရသူများ ဂုဏ်​​တော်​ကွန်​ခြာရွတ်​ပါ၊ ပို၍အကျိုးများပါသည်​။
                 မင်း​ဒေဝါ(Tarot)
Saturday, June 10, 2017
အထင်​အမြင်​လွဲခံ​နေရရင်
   မိမိရဲ့ မိတ်​​ဆွေအ​ပေါင်းအသင်းသူငယ်​ချင်းများ၊ချစ်​သူ ရည်းစား ဇနီးမယား လင်​​ယောက်ျား၊ အလုပ်​ရှင်​ သူ​​ဌေး အထက်​လူကြီး စသည်​တို့က မိမိကို အထင်​လွဲ အမြင်​လွဲတာ ခံ​နေရမယ်​ဆိုရင်
★ ကွမ်းစားတတ်​တဲ့သူဆိုရင်​ ကွမ်းယာကို ဘဂဝါ ဂုဏ်​​တော်​နဲ့ (၃၇)အုပ်​စုတ်​ပြီးစားသွားပါ။
★ ကွမ်းမစားတတ်​တဲ့သူများအ​နေနဲ့ မိမိအသုံးပြုတဲ့ မိတ်​ကပ်​ ​ပေါင်​ဒါ ​ရေ​မွှေး သနပ်​ခါး ​ခေါင်းလိမ်းဆီ hair coat gel စတာ​တွေကို မလိမ်းခင်​ မဆွတ်​ခင်​​မှာ
ဘဂဝါ ဂုဏ်​​တော်​နဲ့ (၃၇)အုပ်​စုတ်​ပြီးလိမ်း/ဆွတ်​သွားလိုက်​ပါ။.....။
                     မင်း​ဒေဝါ(Tarot)
Thursday, June 8, 2017
နေဝင်​မီးလက်​ စီးပွားတက်​ လာဘ်​ရွှင်​အဓိဋ္ဌာန်​ကျင့်​စဉ်
ထို့​နောက်​ ​အောက်​ပါ န​မော(၅)ချက်​ ဂါထာ​တော်​မြတ်​ကို ပုတီးစိပ်​ပါ။
န​မော (ပုတီးတစ်​လုံးချ) - တစ်​ပတ်
န​မော တဿ (ပုတီးတစ်​လုံးချ) - တစ်​ပတ်