Sunday, May 28, 2017

ကျန်းမာ​ရေးယတြာ အစီအရင်




    အာ​ရောဂျ ပရမ လာဘ ဆိုသည့်​အတိုင်း ကျန်းမာခြင်းသည်​ မည်​သည့်​အရာနှင့်​မှ မလဲနိုင်​​သော လာဘ်​ကြီးတစ်​ပါးဖြစ်​​ပါတယ်​​။.....။ 
ကျန်းမာ​ရေးချို့ယွင်းလျှင်​ဖြင့်​ ပညာတတ်​သူဟာ​မိမိ၏ပညာကိုအသုံးမချနိုင်ဘဲရှုံးနိမ့်​ရ​ပေမယ်။
 စည်းစိမ်​ရှိသူသည်​ မိမိစည်းစိမ်​ကို​ကောင်းစွာမခံစားရဘဲရှုံးနိမ့်​ရပါလိမ့်​မယ်​။ ​နောက်​ဆုံး ​ကျန်းမာ​ရေး​ကြောင့်​ မိမိ၏ အသက်​နဲ့ခန္ဓာကိုပင်​လျှင်​ စွန့်​ခွာ၍ ဘဝကိုအရှုံး​ပေးကြရတတ်​ပါတယ်​​။

 ဒါ့​ကြောင့်​ ကျန်းမာ​ရေးချို့ယွင်းပြီး​ဆေးမတိုးတဲ့၊​ဆေးမစူးတဲ့၊နာတာရှည်​ဖြစ်​​နေတဲ့ သူ​တွေအတွက်​ ပစ္စုန်​ပ္ပန်​ သံသရာ(၂)မျိုးလုံး အကျိုးမယုတ်​ဘဲ ​ကောင်းကျိုးဖြစ်​​စေတဲ့ ``ကျန်းမာ​ရေးအတွက်​ယတြာ အစီအရင်​´´ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။............။

ကျန်းမာ​ရေးချို့ယွင်းခဲ့ရင်
ဆေးစူး၊မစူး သိဖို့ရာ ​ရောက်​သက်​တည်​ထား၊တြိနှင့်​စားပါ။
 သုဉ်းက ​ဆေးမစူးပဲနာတာရှည်​တတ်​ပါတယ်​။......။

 ဘယ်​လိုပဲဖြစ်​ဖြစ်​ ကျန်းမာ​ရေးမ​ကောင်းခဲ့ရင်​ ​အောက်​ပါ ယတြာသျှန္တီတို့ကိုပြုလုပ်​​ပေးပါ။

✏ တနင်္ဂ​နွေသားသမီးများ - အိပ်​ရာရဲ့​ခေါင်းရင်းမှာ အုန်းသီးတစ်​လုံးထားအိပ်​ပြီး မနက်​​စော​စော ဘုရား​ကျောင်းကန်​မှာလှူဒါန်းလိုက်​ပါ။

✏ တနင်္လာသားသမီးများ- ​အမျိုးသား ညာဘက်​၊အမျိုးသမီးဘယ်​ဘက်​မှာ ကြံတစ်​​ချောင်းထားအိပ်​၊မနက်​​စော​စော (၉၆)ဆစ်​ ဆစ်​ပြီး ​ရေမှာ​မျှော ဒါမှမဟုတ်​ အိမ်​ရဲ့အ​နောက်​​တောင်​​ထောင့်​အရပ်​မှာစွန့်​ပစ်​ပါ။

✏ အင်္ဂါသားသမီးများ-​ခေါင်းရင်း​အောက်​မှာ ဆန်​(၉)ဆုပ်​ထားပြီးအိပ်​၊မနက်​​စော​စောမှာ အဲဒီဆန်​​တွေကို ကုန်းသတ္တဝါ၊​ရေသတ္တဝါတို့ကို ​ကျွေးပါ။သုံးရက်​ပြုလုပ်​ပါ။

✏ ​ဗုဒ္ဓဟူးသားသမီးများ- ​ကျောက်​ဖရုံသီးတစ်​လုံးကို လူနာရဲ့အင်္ကျီနဲ့ပတ်​၊​ခေါင်းရင်းမှာထားပြီးအိပ်​၊မနက်​​စော​စောမှာ ​အိမ်​ရဲ့အ​နောက်​​မြောက်​​ထောင့်​အရပ်​မှာစွန့်​ပစ်​ပါ။

✏ ကြာသပ​တေးသားသမီးများ-အိပ်​ရာ​ခေါင်းရင်းမှာငှက်​​ပျောသီးတစ်​ဖီးကိုအဝတ်​ဖြူနဲ့ပတ်​၊နံနက်​​စော​စောဘုရား​ကျောင်းကန်​သွားပြီးလှူဒါန်းပါ။

✏ ​သောကြာသားသမီးများ-အိပ်​ရာ​ခေါင်းရင်းမှာ နှမ်းဆီ(၃)ကျပ်​သားထားပြီးအိပ်​၊နံနက်​​စော​စော အဲဒီဆီနဲ့ဘုရားမှာဆီမီးပူ​ဇော်​ ဒါမှမဟုတ်​ လှူဒါန်းလိုက်​ပါ။

✏ စ​နေသားသမီးများ- အိပ်​ရာ​ခေါင်းရင်းမှာအုန်းသီးတစ်​လုံးကိုအဝတ်​နီနဲ့ပတ်​ပြီးအိပ်​၊နံနက်​​စော​စော ဘုရားသွားပြီးလှူဒါန်းလိုက်​ပါ။

    အားလုံးပဲ ကာယသုခ၊စိတ္တသုခနဲ့ပြည့်​စုံကြပါ​စေ.......
                     မင်း​ဒေဝါ(Tarot)

No comments:

Post a Comment